Hacked ရေးတာနဲ့  Hacker ဖြစ်ရောလား?

Website Hacking ပိုင်းနဲ့ ပတ်သက်ပြီးတော့ဗျာ.. Deface အုပ် Hacked လို့ ထည့်လိုက်ရင် Hacker လို့  ထင်နေလား ? မှားသွားမယ်ကိုယ့်လူတို့ 

မျက်နှာဖုံးနဲ့ ဆို Hacker ဖြစ်ရောလား?

မြန်မာပြည်က Hacking လေ့လာစ လူငယ်တွေများဗျာ.. မျက်နှာဖုံး နဲ့ ပုံလေးတွေတင်ပြီး Website တွေ Hack နေတာကို Anonymous Hacker တစ်ယောက်ဖြစ်သွားပြီထင်နေလား? မင်းအယူအဆတွေ Update လုပ်လိုက်ပါအုံး။

Security ဆိုတာကော ဘာလဲသိလား ?

Security ဆိုတာ ဘာမှန်းမသိဘဲ Hacking ဆိုတာကိုလေ့လာ။ ပြီးတော့ မှ လေကြီး လေကျယ်ထပြောနေရင်မင်း ဘာဖြစ်သွားမလဲ? Security ဆိုတာ ကို စကားလုံးအကြီးကြီးတွေ နဲ့  ပြောနဲ့ မယ့်အစား မိမိ ကိုယ်ကိုယ် လုံခြုံအောင် အရင် လုပ်လိုက်ပါ။

Symlink ဘဲထိုင်ပတ်နေတော့မှာလား?

မြန်မာပြည်က Hacking လေ့လာနေတဲ့ ညီကိုတွေကြည့်လိုက်ရင် အများစုက Exploit ဆိုတာ ကောင်းကောင်းနားမလည်ဘဲ.. Symlink ဆိုတာကြီး အားကိုးနဲ့  Hacker နမည်ခံနေပြန်တယ်.. Exploit တစ်ခုတွေ့ ပြီး Symlink ပတ်လိုက်ရင် Hacker ဖြစ်ရောလား?

Internet Connection နဲ့ တို့ မြန်မာပြည်

စုတ်ပျက်နေတဲ့  အင်တာနက်ကွန်န၇ှင် တွေကြားမှာ တို့ တွေ ကြိုးစားနေကြတယ်.. မင်းကိုမင်းဂုဏ်ယူလိုက်ပါ.. ဒီလို သောက်စုတ်တွေ ကြားမှာ တို့  တွေကြိုးစား မှုကို တော့ အရာထင်ပါစေ။

Tuesday, July 28, 2015

Android ဖုန်းများတွင် text message တစ်ခုတည်းဖြင့် တိုက်ခိုက်နိုင်သည့် အားနည်းချက်ရှိဟုဆို


ကမ္ဘာပေါ်တွင် လူသုံးအများဆုံး မိုဘိုင်း operating system ဖြစ်သည့် Android ကို အသုံးပြုထားသော စမတ်ဖုန်းများတွင် ဖုန်းနံပါတ်ကို သိရှိရုံဖြင့် ဖုန်းအတွင်း ချိုးဖောက်ဝင်ရောက်ကာ ထိန်းချုပ်မှုပြုလုပ်ပြီး ဖုန်းအတွင်းရှိ အကြွေးဝယ်ကတ် အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များ အပါအဝင် အရာအားလုံးကို ခိုးယူနိုင်သည့် အားနည်းချက်တစ်ခုရှိကြောင်း Zimperium ကုမ္ပဏီမှ မိုဘိုင်းလုံခြုံရေးကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ သိရသည်။

၎င်းသည် ဖုန်းအတွင်း ဝင်ရောက်လာသော message တစ်ခုကို လက်ခံရရှိချိန်တွင် အန္တရာယ်ရှိသော code ဖြင့် ထိန်းချုပ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ဖုန်းမှာ message တစ်စောင်ကို လက်ခံရရှိတဲ့အသံ မထွက်ခင်မှာပဲ ဒီတိုက်ခိုက်မှုက ဖြစ်နေပါပြီ။ ဒါက အရမ်းကို အန္တရာယ်ရှိတဲ့ အားနည်းချက်ပါ။ နောက်ပြီး သူက ဘယ်သူမှ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ်နေနိုင်ပါတယ်” ဟု Zimperium လုံခြုံရေးသုတေသီနှင့် Android Hacker’s Handbook ကို တွဲဖက်ရေးသားသူ ဂျိုရှာဒရိတ်ခ်က ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ တိုက်ခိုက်မှု လုပ်ဆောင်ပုံကိုလည်း ၎င်းက ရှင်းပြခဲ့ပြီး ဟက်ကာတစ်ဦးက malware ပါဝင်သော ဗီဒီယိုဖိုင်ငယ်တစ်ခုကို ဖန်တီးကာ တစ်စုံတစ်ယောက်၏ ဖုန်းနံပါတ်ထံ ပေးပို့ရုံဖြင့် တိုက်ခိုက်နိုင်ကြောင်း ဒရိတ်ခ်က ဆိုခဲ့သည်။

လက်ရှိတွင် အဆိုပါ အားနည်းချက်ကို အသုံးချကာ တိုက်ခိုက်မှုများ မရှိသေးကြောင်း၊ ၎င်းအားနည်းချက်သည် ကမ္ဘာတစ်ဝန်းရှိ Android ထုတ်ကုန် ၉၅ ရာခိုင်နှုန်းတွင်ရှိနေကြောင်း Zimperium က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

သုတေသနအဖွဲ့ Strategy Analytics ၏ ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းသို့ Android ထုတ်ကုန် ၁ ဘီလီယံကျော် တင်ပို့ရောင်းချခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် တင်ပို့ရောင်းချသည့် အရေအတွက် ပိုမိုမြင့်တက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Zimperium သည် အထက်ပါ အားနည်းချက်ကို ဧပြီလကတည်းက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် Google ထံ ချက်ချင်းဆိုသလို အကြောင်းကြားခဲ့သည်။

Google ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ Android ထုတ်ကုန်များ လုံခြုံမှုရှိစေရန်အတွက် လိုအပ်သည့် patch များကို အလျင်အမြန် ဖြန့်ချိခဲ့ကြောင်း ပြောကြားခဲ့သည်။

“Android သုံးစွဲသူများ လုံခြုံမှုရှိရေးဟာ ကျွန်တော်တို့အတွက် အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် ဘယ်ထုတ်ကုန်ပေါ်မှာမဆို သုံးနိုင်မယ့် patch တွေကို ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက်တွေဆီကို အလျင်အမြန် ဖြန့်ချိပေးခဲ့ပါတယ်။ အသစ်ထွက်ထားတဲ့ ထုတ်ကုန်တွေ အပါအဝင် Android ထုတ်ကုန်အများစုမှာ အားနည်းချက်တွေကနေ အကျိုးရှိရှိ အသုံးချနိုင်မှုကို ပိုမို ခက်ခဲစေမယ့် နည်းပညာတွေအများကြီး ပါဝင်ပါတယ်။ နောက်ပြီး ထုတ်ကုန်ပေါ်က သုံးစွဲသူရဲ့ အချက်အလက်နဲ့ အခြား application တွေကို ကာကွယ်ပေးနိုင်မယ့် application sandbox တစ်ခုလည်း Android ထုတ်ကုန်တွေမှာ ပါဝင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အားနည်းချက် အလုပ်လုပ်ပုံကို သြဂုတ်လ ၁ ရက်တွင် လက်စ်ဗီးဂက်စ်မြို့၌ ကျင်းပမည့် Black Hack ဟက်ကာကွန်ဖရင့်စ်တွင် သရုပ်ပြသသွားမည်ဟု Zimperium blog တွင် ဖော်ပြထားသည်။


Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်
 LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။

Thursday, July 23, 2015

NOD32 LICENSE KEYS 100% WORKING (23.7.2015)

http://static1.esetstatic.com/uploads/tx_esetdownload/270x240-EAV_01.png
Press Ctrl + D to Bookmark this site and get free premium accounts daily
Wait 5 second and Click skip AD

Sunday, July 19, 2015

FREE PROXY UPDATE (19.7.2015) 100% Working

https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcRi8gfMpABHlVR7ozf4oCfOOZCF2W_TMaeD8xK1JP1o-fJSV-OEYQ

 Press Ctrl + D to Bookmark this site and get free premium accounts daily



»»»Please wait 5s then click skip ads to see «««

NOD32 LICENSE KEYS 100% WORKING (19.7.2015)

http://static1.esetstatic.com/uploads/tx_esetdownload/270x240-EAV_01.png
Press Ctrl + D to Bookmark this site and get free premium accounts daily
Wait 5 second and Click skip AD


Sunday, July 12, 2015

COC ဖေ့ဘုတ် Photo Comment စုဆောင်းမှု (ပုံပေါင်း ၁၂၀)

COC Facebook Photo Comment
မင်္ဂလာပါ။ ကျွန်တော်က Droid ချစ်သူ ပါ။ ယခု လတ်လတ်ဆတ်ဆတ်တင်တဲ့ပိုစ့်ကတော့ COC ချစ်သူတွေအတွက်အထူးပါ။ FB မှာ COC ပုံနဲ့ Photo comment ပေးချင်ရင် ပုံပေါင်း ၁၂၀ စုထားပါတယ်။ အထူးသဖြင့် လောလောဆယ်ရေပန်းစားနေတဲ့ Photo comment အပါအ၀င်ပေါ့။ Offline အဖြစ်သိမ်းထားပြီး၊ ကိုယ်လိုအပ်တဲ့အချိန် ထုတ်သုံးလို့ရပါတယ်။ Photo comments များကိုတော့ မူရင်းပြုလုပ်သူကိုပေးပါတယ်ဗျာ။ zip ဖိုင်နဲ့ချုပ်ထားပါတယ်။ 5mb ရှိပါတယ်။ အောက်ပါအတိုင်း ဒေါင်းလော့ဆွဲပါ။ အောက်က နည်းက မသိသေးသူများအတွက် ရည်ရွယ်ပြီးရေးထားတာပါ။
Droid ချစ်သူ နှင့် အခြား ဘလော့(စ်)မှ နည်းပညာများ ရယူလိုလျှင်  LIKE လုပ်ပေးခြင်းဖြင့် ရယူနိုင်ပါတယ်။ LIKE လုပ်ချင်က https://www.facebook.com/DroidChitThu မှာ LIKE လုပ်ပေးခြင်းဖြင့် အားပေးနိုင်ပါတယ်။ 

Thursday, July 9, 2015

FREE PROXY UPDATE (9.7.2015) 100% Working

https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcRi8gfMpABHlVR7ozf4oCfOOZCF2W_TMaeD8xK1JP1o-fJSV-OEYQ

 Press Ctrl + D to Bookmark this site and get free premium accounts daily


»»»Please wait 5s then click skip ads to see «««